မိတ်ဆက်ခြင်း

အားလုံးမင်္ဂလာပါကျွန်တော့တို့အဖွဲ့ကနေကြိုဆိုလိုက်ပါတယ်

လူကြီးမင်းတို့လိုအပ်တဲ့အကူအညီများကိုကူညီဖြေရှင်းရန်ကျွန်တော်တို့အဖွဲ့ထူထောင်ထားခြင်းဖြစ်ပါတယ်

ကျွန်တော်တို့အဖွဲ့ရဲ့အကူအညီအလုပ်ဖြစ်ရင်လူကြီးမင်းမိတ်ဆွေကိုလက်တို့လိုက်ပါ

အဆင်မပြေတာတစ်ခုခုကြုံခဲ့လျှင်ကျွန်တော်တို့ကိုအကြံပြုပေးပါလို့တောင်းဆိုခြင်ပါတယ်

ကျေးဇူးတင်ပါတယ်။ Myanmar mobile beginner association

Wednesday, April 8, 2015

Andriod ဖုန်းတစ်​လုံးစတင်​အသုံးပြုနည်းနှင့် Play Store မှအပလီကေးရှင်းများရယူနည်း

Android os ဆိုသည်​မှာGoogle မှ develope လုပ်​ကာထုတ်​ထား​သော Opensource os ဖြစ်​သည့်​အား​လျော်​စွာ ​ရှေးဦးစွာ android ဖုန်းတစ်​လုံးစတင်​အသုံးပြုလျှင်​ google မှအခမဲ့​ပေးထား​သော gmailဟု​ခေါ်​သော google mail တခုlogin ဝင်​ထားရန်​လိုအပ်​ပါသည်​။အင်​တာနက်​ကွန်​နက်​ရှင်​ကိုဖွင့်​ပါ ပြီးလျှင်​  google mail ရှိပြီးသူများ setting>>add Accountသို့သွားကာ Google ကိုနှိပ်​ပါ ​အောက်​ပါအတိုင်း​ပေါ်လာမည်​။








 Entertainment အတွက် credit card set up လုပ်ခိုင်းလျှင် Not now ကိုနှိပ်ပါ ။ပြီှးလျှင် ကိုယ်ပိုင် gmail 

ဖြင့်login ဝင်ထားသောandroid ဖုန်းတစ်လုံးကိုပိုင်ဆိုင်ပါပြီ Sync App Data ကို
တော့ ဒေတာများ မေးလ်အတွင်းတွင်ဆေ့လိုလျှင် အမှန်ခြစ်များခြစ်ပေးရပါမည်။
ထိုအကောင့်သည် android ဖုန်းအတွက် အရေးအပါဆုံးအကောင့်ဖြစ်ပါသည် မည်သည့်အရာသုံးသုံး google 

အတွက်ဆိုလျှင် all in one အကောင့်ဖြစ်ပါသည်ထိုအကောင့်တစ်ခုတည်းဖြင့် google application 

အားလုံးအသုံးပြုနိုင်ပါသည် 
အဓိကကျသည်မှာ android ဖုန်းအတွက် play store မှ အပလီကေးရှင်းများရယူရာတွင်ထို 

အကောင့်မရှိမဖြစ်အရေးပါပါသည်။





 



 


















ပလေးစတိုးအပလီကေးရှင်းအိုင်ကွန်ကိုနှိပ်ပါ လိုအပ်သည်ကိုမှန်ဘီလူးပုံနှိပ်၍စာရိုက်ရှာပါ တွေ့ပြီဆိုလျှင် 

install ကိုနှိပ်ပေးပါ ကွန်နက်ရှင်မြန်လျှင်မြန်သလို အပလီကေးရှင်းဆိုဒ်ကိုလိုက်၍ အချိန်စောင့်ပါ sucessfully 

install ပြလျှင်အပလီကေးရှင်းကိုစတင်အသုံးပြုနိုင်ပြီဖြစ်သည်။
အချို့အပလီကေးရှင်းများကိုမြန်မာနိုင်ငံအတွက်မပေးပါ 
ထို့အတွက် one mobile market မှဆွဲ၍ အသုံးပြုနိုင်ပါသည်သို့မဟုတ်Huawei ဖုန်းများအတွက် App center 

မှရယူနိုင်ပါသည် 
Huawei app ရယူရန်Huawei account တစ်ခုလိုပါသည် 
Google account ပြုလုပ်သကဲ့သို့ပြုလုပ်၍ရပါသည် gmail တော့လိုပါသည်။
Google    မှထုတ်လုပ်ထားသောလူသုံးများသည့်အပလီကေးရှင်းအချို့ကိုအကြမ်းအားဖြင့်ဖော်ပြပါမည်။
1.Gmail (e-mail)
2.Hang out (g-talk)
3.Google+ (ဖေ့ဘုတ် ကဲ့သို့သော social network )
4.Google Drive (Cloud service)
5.You Tube (Videos service)
6.Playstore ( application store for android)
7.Chrome (web brownser)
8.Google Earth
9.Google Map
10.Photo (Google+ မှခွဲထွက်လာသည်)
11. Google search (လိုအပ်သည်ကိုရှာဖွေခြင်း)
12. Translate (ဘာသာပြန်ဆိုခြင်း) အစရှိသည်တို့ဖြစ်သည်။

Android ဖုန်းတလုံးဖြင့် အပလီကေးရှင်းများကိုကိုယ်တိုင်ရှာဖွေရယူနိုင်ကြပါစေ။


ချစ်သူမောင်
Chitthu Maung


No comments:

Post a Comment